31.10.13

ရူးခဲ့တယ်

Photo: ရူးခဲ့တယ့့်

သွပ်သွပ်ခါအောင်ကို ရူးခဲ့တယ်

လေလှိုင်းပေါ်က 

အမည်နာမတစ်ခု နဲ့ 

လေလှိုင်းပေါ်က ရုပ်ပုံလွှာ တစ်ခု

ပြီးတော့

လက်တွေ့မကျတဲ့ ဘဝနှစ်ခုကို

စိတ်ကူးတွေနဲ့ တန်ဆာဆင်

တစ်ကယ်တော့ ကိုယ်ဟာ

ယဉ်ယဉ်လေးနဲ့ 

သွပ်သွပ်ခါအောင်ကို ရူးခဲ့တာ

ဘယ်လောက်အထိ ရူးလည်းဆိုရင်

ကျောက်သား အတိပြီးတဲ့ 

ကျောက်တိုင် 

ကျောက်ဆောင် တွေကနေပြီး

တစ်နေ့နေ့ တစ်ချိန်ချိန်မှာ

နှင်းဆီပန်းတွေ ပွင့်လာမှာပဲ လို့

မျှော်လင့်နေမိတဲ့အထိကို

ရူးခဲ့တာ 

တစ်ကယ် သွပ်သွပ်ခါအောင်ကို

ကိုယ်ဟာ ရူးခဲ့တာပါ ။   ။



Sky Pyae.30,10,2013.


သွပ်သွပ်ခါအောင်ကို ရူးခဲ့တယ်

လေလှိုင်းပေါ်က

အမည်နာမတစ်ခု နဲ့

လေလှိုင်းပေါ်က ရုပ်ပုံလွှာ တစ်ခု

ပြီးတော့

လက်တွေ့မကျတဲ့ ဘဝနှစ်ခုကို

စိတ်ကူးတွေနဲ့ တန်ဆာဆင်

တစ်ကယ်တော့ ကိုယ်ဟာ

ယဉ်ယဉ်လေးနဲ့

သွပ်သွပ်ခါအောင်ကို ရူးခဲ့တာ

ဘယ်လောက်အထိ ရူးလည်းဆိုရင်

ကျောက်သား အတိပြီးတဲ့

ကျောက်တိုင်

ကျောက်ဆောင် တွေကနေပြီး

တစ်နေ့နေ့ တစ်ချိန်ချိန်မှာ

နှင်းဆီပန်းတွေ ပွင့်လာမှာပဲ လို့

မျှော်လင့်နေမိတဲ့အထိကို

ရူးခဲ့တာ

တစ်ကယ် သွပ်သွပ်ခါအောင်ကို

ကိုယ်ဟာ ရူးခဲ့တာပါ ။ ။



Sky Pyae.30,10,2013.
 

No comments:

Post a Comment