Showing posts with label ကျမ်းမာရေး. Show all posts
Showing posts with label ကျမ်းမာရေး. Show all posts

31.1.14

ဝ လိုသူ၊ပိန်ချင်သူ၊ဗိုက်ခေါက်ထူ၊ဗိုက်ပူများ အတွက်၊ ( ကျားမ မရွေး သုံးဆောင်ပေး )

ဝ လိုသူ ပိန်ချင်သူ ဗိုက်ခေါက်ထူ ဗိုက်ပူများ အတွက် …… ( ကျားမ မရွေး သုံးဆောင်ပေး )
ပိန်နေသူများ ၀စေသည် ..
ရှေးရှေးသော ဆရာတော်ကြီးများကတော့ ညနေပိုင်းမှာ သံပုရာသီး( ၁) လုံးနှင့်၊ ပျားရည် ထမင်းစားဇွန်း ( ၃ ) ဇွန်းလောက်ကို ဖန်ခွက်ကြီး တခုထဲမှာ ထည့်ပြီး ရေနွေးအဖြူနှင့် သမအောင် မွှေကာ သကြားအနည်းငယ်ထည့်ပြီး သောက်လေ့ရှိခဲ့ကြတယ်၊ ရောဂါ မျိုးစုံကို ကာကွယ်နိုင်သလို၊ ညနေပိုင်းမှာလည်း ဗိုက်မဆာတော့ဘူး၊ သံပုရာက လေကို နိုင်သလို ပျားရည် ကလဲဝမ်းတွင်းကလီစာများကို ဆေးကုပေးတတ်တယ်၊ စားကောင်း အိပ်ပျော်၊ ဆီးမှန် ၀မ်းမှန် ဖြစ်ပြီး လူကိုလဲ ၀ဖြိုးစေတယ်။ အသားအရေကိုလည်း ကြည်လင်စေတယ်။
အထူးသဖြင့် အစာအိမ် သမားများအတွက် ပျားရည်ဟာ အသင့်လျော်ဆုံး ဆေးကောင်းပါ၊ ပျားရည်က အစာအိမ် နာကြောင့် အစာအိမ်နံရံမှာ ဖြစ်ပေါ်နေတဲ့ အနာများကို ကျက်စေပါတယ်၊ စတုမဓူဟာလဲ အစာအိမ်အတွက် တော်တော် ကောင်းမွန် တဲ့ ဆေး စွမ်းတလက်ပါပဲ။
ဒီနေရာမှာ ကိုယ့်ကိုယ်ကို ပိန် လွန်းလို့ စိတ်ညစ်နေသူများ၊ ၀ချင်သူများ အထက်ပါနည်းကို ပုံမှန်လေး သောက်ပေး ကြည့်ပါ၊ မယုံမရှိပါနဲ့၊ ကိုယ်တွေ့ပါပဲ၊ စာရေးသူ မြန်မာပြည်မှာ ရှိနေစဉ် က ညနေပိုင်းမှာ အထက်ပါနည်းကိုပဲ စွဲစွဲမြဲမြဲ သောက်လာပြီး ၂ လလောက်လဲ နေရော၊ ခန္ဓာကိုယ်ပေါင်ချိန်က ( ၂၀ ) လောက် တက်လာလို့ ဆက်မသောက် ရဲတော့ဘူး၊ အစား လျော့ စားပေး ရင်တော့ ကိုယ်အလေးချိန် သိပ်မတက်နိုင်ပါဘူး၊
ဝနေသူကို ပိန်စေသည် …..
ဝလွန်းလို့ ပိန်ချင်သူများကတော့ ပျားရည် နှင့် မသောက်ပဲ သံပုရည်သက်သက် သောက်တာ ကောင်းပါတယ်၊ အထူးသဖြင့် သံပုရာရည်သောက်ပြီးလျင် ၀မ်းဗိုက်အတွင်းက ဟာနေတဲ့ အတွက် ညနေစာကို ၀ိတ်ချတာကို သတိမေ့ပြီး စိတ်ကြိုက် စားလေ့ရှိကြပါတယ်၊ အဲဒီမှာ ဘရိတ်မရှိလေတော့ ခန္ဓာကိုယ်က ပိန်မလာပဲ ၀မြဲ ၀နေတာ မျိုးဖြစ် တတ် ပါ တယ်၊ အဲဒီလို အစား မလျော့လျင်လည်း စားလိုက်သမျှ အာဟာရက ခန္ဓာကို အကျိုးပြုစေတာမို့ သတိထားစရာပါပဲ၊ အထူးသဖြင့် သံပုရာရည် သောက်ထားလေတော့ ၀မ်းဗိုက်က ရှင်းလင်းထားသလို ဖြစ်ပြီး ပိုစားနိုင် လာတတ်တယ်၊ ဒါဆိုရင်တော့ ရည်ရွယ် ချက်ပြည့်ဖို့ ခဲယဉ်းသွားပါလိမ့်မယ်၊ အခုခေတ်ပေါ်နေတဲ့ ပိန်ဆေးတွေက ဘေးထွက်ဆိုးကျိုးတွေ အများကြီး ရှိတာကို ဆရာဝန်တိုင်းက ထောက်ခံထားကြပါတယ်၊ သံပုရာကတော့ မရှိသလောက်ပါပဲ၊ သံပုရာကို လိုသလို အသုံးချနိုင်ကြ ပါေ စ လို့ တင်ပြရင်း ..
ရောက်လေ ရာတွင် သံပုရာ ဆောင်ထားလျင် ကျမ္မာပကတိ ချမ်းသာစွာ ရှိနိုင်ပါကြောင်း စေတနာစကား ပါးလိုက် ပါရစေတော့…
ဗိုက်ခေါက်ထူ/ဗိုက်ပူလို့ အလှပျက်နေသူများအတွက် ……..
မိန်းခလေးဘဲဖြစ်ဖြစ် ယောင်္ကျားလေးဘဲဖြစ်ဖြစ်… အလှအပကို မြတ်နိုးတတ်ကြတာ… သဘာဝပါ… ဒါ့ကြောင့် ဗိုက်ခေါက်ထူ/ဗိုက်ပူပြီး အဆီ များနေသူတွေအတွက်… လက်တွေ့… ၇ ရက်အတွင်း… သိသိသာသာ ဗိုက်ချပ်ပြီး အဆီကျစေတဲ့ဆေးနည်းလေးကို မျှဝေလိုက်ပါတယ်…
ဆေးနည်းက အလွန်လွယ်ပြီး အကုန်အကျလည်း အလွန်သက်သာပါတယ်… အိမ်မှာရှိတတ်တဲ့ ပစ္စည်းလေးတွေကို ရောစပ်ပြီး အသုံးပြုရမှာပါ..
ပါဝင်တဲ့ ပစ္စည်းတွေကတော့… သံပုရာသီး၊ အုံးဆီ၊ ဆေးပူ(ဒဏ်ကြေလိမ်းဆေး) တို့ကို တစ်ခါလိမ်းရုံ… ရောစပ်ပြီး လိမ်းပေးရမှာပါ…
( ဖေါ်စပ်နည်း )
သံပုရာသီး တစ်လုံးရဲ့ ၅ ပုံ တစ်ပုံလောက်ကို လှီးပြီး… အကြမ်းပုဂံလုံးထဲကို အရည်ညှစ်ပါ…
အကြမ်းပုဂံလုံးထဲသို့ အုံးဆီ သုံးလေးစက်လောက် ထည့်ပေးပါ… ထို့နောက် …. ဂဠုန်ရာဇာ/မိဂသီ/ရှမ်းရိုးမ/လင်ဇီး(လိမ်းထေည့်ဆး)တစ် မျိုးမျိုးကို တစ်ခါလိမ်းစာ အနေတော် ထည့်ပြီး… မွှေပေးပါ…
( အသုံးပြုနည်း )
ညအိပ်ယာဝင်ခါနီးတိုင်း……
ဆေးကို ရင်ခေါင်းမှ ၀မ်းဗိုက်သို့ အထက်မှအောက်သို့ ဆွဲချပြီး အသားထဲစိမ့်ဝင်အောင် ပွတ်လိမ်းပေးပါ… ခါးတွင်အဆီရှိပါက ခါးမှ ချက်သို့ ပွတ်လိမ်းပေးနိုင်ပါတယ်…
တစ်ပါတ်အတွင်း သိသာစွာ… ဗိုက်ချပ်လာသည်ကို… လက်တွေ့… တွေ့မြင် ခံစားရမှာပါ…
မှတ်ချက်- ညစာကို ပုံမှန် ထက်… လျှော့စားပေးရင်… ပိုပြီး သိသိသာသာ ဗိုက်ချပ်စေပါတယ်…တစ်ပါတ်အတွင်း သိသိသာသာ အဆီနှင့် အခေါက်များ လျှော့ကျသွားမှာဖြစ်ပါတယ်ခင်ဗျာ

ပင်ပန်းနွမ်းနယ်နေသော အသားအရေအား ပန်းသီးဖြင့် ပေါင်းတင်နည်း





သင့်အသားအရေက နွမ်းနယ်ပင်ပန်းပြီး အိုမင်း ရင့်ရော်နေရင် ပန်းသီးနဲ့ ပျားရည် ရောပြီး ပေါင်းတင်ပေးပါ။
ပန်းသီးမှာ ဗီတာမင်အေ၊ ဘီနဲ့ စီ တို့ ပါဝင်တာကြောင့် အရေပြားက အဲဒီ အင်တီအောက်ဆီးဒင့်တွေကို ပိုမို စုပ်ယူနိုင်ပါလိမ့်မယ်။ ဒါ့အပြင် ခရမ်းလွန်ရောင်ခြည်ကြောင့် ထိခိုက်မှုကို သက်သာ လျော့ပါးစေပါတယ်။ ပန်းသီးမှာ ဂလိုင်ကိုးလစ်အက်စစ်လည်း ပါဝင်တဲ့အတွက် အသားအရေကို ကြေးချွတ်နိုင်စွမ်း ရှိပြီး မွေးညင်းပေါက်တွေကို သန့်စင်စေပါတယ်။
ပျားရည်မှာ ဘက်တီးရီးယား ဆန့်ကျင်ပေးနိုင်တဲ့ အင်တီအောက်ဆီးဒင့် အစွမ်း ရှိပါတယ်။ ပျားရည်ဟာ အရေပြားရှိ ဘက်တီးရီးယားတွေကို ကင်းစင်စေပြီး အစိုဓာတ်ကို ထိန်းပေးနိုင်ပါတယ်။ ပြီးတော့ ပျားရည်မှာပါဝင်တဲ့ အင်တီအောက်ဆီးဒင့်တွေက ပြင်ပ ပတ်ဝန်းကျင်ရှိ ဖရီးရယ်ဒီကယ်တွေကြောင့် အရေပြား ထိခိုက်မှု မရှိအောင် ကာကွယ်ပေးပါတယ်။
ပါဝင်ပစ္စည်းများ
(၁) ပန်းသီးတစ်လုံး
(၂) ပျားရည် လက်ဖက်စားဇွန်း တစ်ဇွန်း
ပြုလုပ်နည်း
ပန်းသီးကို အခွံခွာပြီး ပါးပါးလှီးကာ မွှေစက်ထဲ ထည့်မွှေပါ။ ပြီးရင် ပျားရည် ထမင်းစားဇွန်း နှစ်ဇွန်း ရောမွှေပေးပါ။ အဲဒီ အရောအနှောကို သင့်မျက်နှာပေါ် လိမ်းပေးပါ။ မျက်ဝန်းတစ်ဝိုက်ကို ရှောင်ပါ။ အချိန် ၁၀ - ၁၅ မိနစ်ကြာမှ ကြက်သီးနွေးရေနဲ့ ဆေးကြော သန့်စင်လိုက်ပါ။ အသားအရေ တင်းရင်း စိုပြည်လာတာကို မြင်တွေ့ရပါလိမ့်မယ်။

ပျားရည်၏ ကောင်းကျိုးများ

ပျားရည်၏ ကောင်းကျိုးများပျားရည်မှာ ကျန်းမာရေးဆိုင်ရာ ကောင်းကျိုး အချက်အလက်တွေ မြောက်များစွာ ရှိနေတယ်
ဆိုတာကို ကျွန်တော်တို့ လေ့လာကြည့် ရအောင် ။ သူ့ရဲ့ကောင်းကျိုးတွေနဲ့ သင့်ရဲ့ လူနေမှု ဘ၀ ကျန်းမာရေး မှာ လွန်စွာ အသုံးဝင်ပါတယ်တဲ့ ။ ပျားရည်ရဲ့ ချိုမြတဲ့ အရသာဟာ သင့်ရဲ့ အရသာ အာရုံခံ အဖုလေးတွေကို လှုံ့ဆော်ပေး ယုံသာမကပဲ အစာစားချင်စိတ်ကိုလည်း ဖြစ်ပေါ်စေပါတယ် ။ ဒါ့အပြင် အစားအစာများ ချက်ပြုတ်ရာမှာလည်း မွှေးပျံ့သင်း ကြိုင်နေအောင် အသုံးပြုနိုင်ပြီး ပျားရည်နဲ့ မုန့်အမျိုးမျိုးကို ပြုလုပ်စားသုံးနိုင်ပါသေးတယ် ။ ကယ်လိုရီ မြောက်များ စွာပါဝင်ပြီး လည်ချောင်း ယားယံပြီး မသက်မသာ ဖြစ်တာတွေကိုလည်း ဖုံးအုပ်ကာကွယ် ပေးထားနိုင်ပါတယ် ။ ယခုဆိုရင် စမ်းသပ်လေ့လာသူတွေဟာ ပျားရည်ရဲ့ ဆေးပညာ ဆိုင်ရာ ကောင်းကျိုး (medical benefits ) တွေကို ရှုထောင့်ပေါင်းစုံကနေ နည်းလမ်းပေါင်းများစွာနဲ့ စမ်းသပ်အဖြေထုတ်နေကြပြီဖြစ်ပါတယ် ။
ပျားရည်ဟာ သင့်ရဲ့ အာခံတွင်းထဲမှာ စိတ်ကျေနပ်မှု ဖြစ်စေယုံသာမကပဲ ပိုးသန့်စင်စေခြင်း ( Antiseptic) ၊ ဓါတ်တိုး ဆန့်ကျင်ပစ္စည်း (Antioxidant) ၊ ခန္ဓာကိုယ်သန့်ရှင်းစင်ကြယ်စေခြင်းစတာတွေကို လုပ်ဆောင်ပေး ပါတယ် ။ အမျိုးသမီးတွေမှာဆိုရင်လည်း အရေပြားနဲ့ အသားအရည်ကို ၀င်းပစိုပြည်စေပြီး ခြုံငုံပြီးကြည့် မယ်ဆို ရင် အနာကျက်မြန်ခြင်း ။မျက်ခမ်းစပ်ရောဂါကို ကာကွယ်ပေးနိုင်ခြင်းစတဲ့ ဦးခေါင်း ကနေ ခြေထောက် အထိ ကျောင်းကျိုးများစွာကို ပေးစေပါတယ် ။ ပျားရည်ရဲ့ အနာကျက်မြန် တဲ့ ကောင်းကျိုး ကို ရှေးနှစ်ပေါင်း များစွာကတည်းက အသုံးပြုခဲ့ကြပြီး အထူးသဖြင့် ပြတ်ရှနာများမှားပိုအသုံးဝင်ပါတယ် ။ သာမန်ဖျား နာမှုနဲ့ ရောဂါတွေမှာလည်း ကုသမှု အဖြစ်အသုံးပြုနိုင်ပြီး မျိုးဆက်တစ်ခုမှနေ၍ နောက်တစ်ခုကို ကျန်း မာရေးကောင်း ကျိုးတွေကို ဆင့်ကဲပေးစေပါတယ် ။ UMF Manuka Honey လို့ခေါ်တဲ့ပျားရည်ဟာဆိုရင် ယနေ့ပျား ရည်ရဲ့ကျန်းမာေ၇းဆိုင်ရာ ဆွေးနွေးမှုတွေမှာ အရသာအရှိဆုံး ပျားရည်ဆေးအဖြစ် ထည့်သွင်းပြော ဆိုနေကြပြီဖြစ်ပါတယ် ။ ဒီပျားရည်ဟာ ရောဂါပိုးမွှားတွေကို တိုက်ထုတ်ယုံတင်မကပဲ တစ်ရှူးများ အနာ ကျက်မြန်ခြင်းကို ကာကွယ်ပေးခြင်း ၊ အမာရွတ်ဖြစ်ခြင်းနှင့် ရောင်ရမ်းခြင်းများကို လျော့နည်းစေခြင်း စတဲ့အချက်တွေ ရရှိပါတယ် ။ ဒါ့အပြင် အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ ရောဂါတွေဖြစ်တဲ့ ၀မ်းသွားခြင်း ၊ အစာမကြေခြင်း ၊ အစာအိမ်အနာများနဲ့ ၀မ်းပျက်ဝမ်းလျှောခြင်း ( GE) ကိုပါ ကုသဖို့အတွက် အသုံးပြုနိုင်ပါတယ် ။
အသက်ရှုမ၀ခြင်း ၊ ဆံပင်ကျွတ်ခြင်း ၊ အိပ်မပျော်ခြင်း ၊ အဆင်အမြစ်နာခြင်း ၊ ၀က်ခြံနဲ့ မှိုပိုးဝင်ခြင်းစတာတွေမှာပါ အသုံးပြုတာကြောင့် ပျားရည်ကို ရိုးရာဆေး ( Traditional medicine) အဖြစ်နေရာအတော်များများမှာ အသုံးပြုနေကြပါပြီ ။ ဆက်လက်ပြီး ကျန်း မာရေး ဆိုင်ရာကောင်းကျိုးတွေကို အသေးစိတ်လေ့လာကြည့်ရအောင် ။
 ခန္ဓာကိုယ် ကို ခွန်အားနဲ့ စွမ်း အင်တွေကို ပေးစေပါတယ် ။ ဒါကြောင့် ပျားရည်ကို စွမ်းဆောင်ရည်မြင့်မားစေဖို့ အကူပစ္စည်း (Booster) အဖြစ်အပြင် ကြွက်သားများညောင်းညာခြင်း ၊ မောပမ်းနွမ်းနယ်ခြင်းတွေကိုလည်း လျော့နည်းစေပါတယ် ။ သဘာဝ သကြားအချိုအရသာဟာ လေ့ကျင့်ခန်းပြုလုပ်ခြင်းောကာင့် ဖြစ်ပေါ်လာတဲ့ မောပန်းခြင်းတွေကို ကာကွယ်ပေးနိုင် ပါတယ် ။ ပျားရည်ထဲမှာပါတဲ့ ဂလူးကို့စ်ကို ခန္ဓာကိုယ်က လျှင်မြန်စွာ စုပ်ယူပြီး စွမ်းအင်ကိုတိုး တက်စေပါတယ် ။ အဲဒီအချိန်မှာ fructose ကိုတော့ ဖြေးညှင်းစွာ စုပ်ယူပြီ့း energy ကို ပုံမှန်ပဲပေးစေ ပါတယ် ။ သွေးတွင်း သကြားဓါတ်ကိုလည်း တခြားသကြားဓါတ် များနှင့်ယှဉ်လျှင်ထိမ်း ညှိပေးနိုင်ပါတယ် ။ ဒါကြောင့် ပျားရည်ရဲ့ကျန်းမာရေး ကောင်းကျိုးတွေကို သိစေဖို့အတွက် - သင်အလုပ်သွားခါနီးတိုင်းပျားရည်တစ်ဇွန်းခန့် သောက်သုံးသွားနိုင်ပါတယ် ။
- မနက်ပိုင်းတွေမှာ မကြည်မလင်နိုးထတတ်ပြီး စွမ်းအားမပြည့်သလိုခံစားနေရရင် ပျားရည် ကို သောက် သုံး ကြည့်နိုင်ပါတယ် ။
- သင့်ကလေးငယ်တွေဟာ ပင်ပင်ပန်းပန်းဆော့ကစားပြီး ကျောင်းသွားဖို့ ငြင်းဆန်နေပါသလား ။ ပျားရည်နဲ့ sandwiches ကိုပြင်ဆင်ပေးလိုက်ပါ ။ ဒါဆို တစ်နေ့လုံး စွမ်းအားပြည့်ပြီး လန်းဆန်းတက်ကြွနေပါလိမ့်မယ်


13.11.13

ကျန်းမာရေးနှင့် လျော်ညီအောင် နေထိုင်နည်းများ

ကျန်းမာရေးနှင့် လျော်ညီအောင် နေထိုင်နည်းများ
===========================

အလုပ်များသော သူတို့အတွက် အချိန်သည် လွန်စွာပင် အရေးကြီးပါသည်။ အလုပ်များကိုပင် နေ့စဉ်နေ့တိုင်း လုပ်နေရသောကြောင့် အနားယူချိန်သည် အိပ်ချိန်မှ တစ်ပါး မရှိသလောက်ပင် ရှားပါသည်။ ဒါကြောင့် အလုပ်များသော သူများအတွက် ကျန်းမာရေးနှင့် လျော်ညီစွာ နေထိုင်စားသောက်ပုံ နည်းတစ်ချို့ကို ရေးသား ဖော်ပြလိုက်ရပါသည်။
(၁) အလုပ်မှ နားချိန်တွင် ရုပ်ရှင်ကြည့်ပါ။ ရုပ်ရှင်ကြည့်ခြင်းသည် စိတ်ကို အနားပေး စေတဲ့အပြင် အာရုံကိုလည်း ပြောင်းလဲစေနိုင်ပါသည်။ အတွေးအခေါ် အသစ်တွေကိုလည်း ရရှိစေနိုင်ပါသည်။
(၂) အသီးအရွက်များများစား သင့်ပါသည်။ အသီးအရွက်စားခြင်းဟာ ခန္ဓာကိုယ် အတွက် ကောင်းမွန်စေရုံ သာမက ကျန်းမာရေး အတွက်လည်း ကောင်းမွန်စေနိုင်ပါသည်။

(၃) လေ့ကျင့်ခန်း လုပ်ပါ။ အချိန်လုံးဝ မရဘူး ဆိုရင် ညအိပ်ယာ မဝင်မီ အိပ်ယာအတွင်း၌ လုပ်လို့ ရသော လေ့ကျင့်ခန်းများကို လုပ်ပါ။ လေ့ကျင့်ခန်း လုပ်ခြင်းကြောင့် ခန္ဓာကိုယ်အတွင်းမှ မကောင်းသော အရာများသည် ချွေးအဖြစ် ထွက်သွားမှာ ဖြစ်ပါသည်။ သို့မှသာ စိတ်ကို လန်းဆန်း စေနိုင်ပါသည်။
(၄) သင်သည် အစည်းအဝေး ခဏခဏ ထိုင်ရတယ်ဆိုပါက လမ်းများများ လျောက်ပေးပါ။

(၅) ညနေ ၃ နာရီကျော်ပါက ကော်ဖီမသောက်ပါနှင့်။ ကော်ဖီကို ညနေဘက် သောက်ခြင်းဟာ အိပ်မပျော် ဖြစ်စေနိုင်ပါသည်။ ထို့ကြောင့် အိပ်ချိန်တွင် အနှောင့်အယှက် မဖြစ်စေရန် ညနေ ၃ နာရီကျော် လျှင် ကော်ဖီကို မသောက်တာ အကောင်းဆုံး ဖြစ်ပါသည်။
(၆) နံနက်စာကို မှန်မှန်စားပါ။ လူတစ်ယောက်အတွက် နံနက်စာသည် အရေးကြီးပါသည်။ နံနက်စာ စားမှသာ တစ်နေကုန် အစာခံနိုင်မည်ဖြစ်ပြီး အလုပ်များကို ကောင်းစွာ လုပ်ဆောင်နိုင်မည် ဖြစ်သည်။
(၇) တီဗီကြည့်သော အခါမှာ အညောင်းအညာပြေအောင် ခြေထောက်ကို လက်ဖြင့် ခါးကိုင် ကာ ဆွဲပေးပါ။

(၈) ဓာတ်လှေကားနှင့် တက်ရမည့် နေရာများတွင် ကျန်းမာရေးနှင့် ညီညွတ်အောင် လှေကားနှင့် တက်ပါ။
(၉) နားရက်များတွင် ပန်းခြံ သို့မဟုတ် စိတ်ကို လန်းဆန်းစေမည့် ပတ်ဝန်းကျင် ရှိသော ဒေသများသို့ သွားပါ။ သို့မှသာ စိတ်ကိုလန်းဆန်း တက်ကြွစေရုံသာမက အတွေးအခေါ် အသစ်တွေကိုလည်း ရရှိစေနိုင်ပါသည်။

မည်သူမဆို အိပ်ရာဝင်သည့်အခါ ခေါင်းအုံးကို မကြာခဏ နေပူလှန်းပေးပါ





မည်သူမဆို အိပ်ရာဝင်သည့်အခါ ခေါင်းအုံးနှင့် အိပ်စက်ကြသည်။ လူ့ခန္ဓာကိုယ်အတွင်းမှ စွန့်ထုတ်သော ညစ်ညမ်းသည့် အခိုးအငွေ့နှင့် အရေပြားမှ ချွေးများသည် ခေါင်းအုံးအတွင်းပိုင်းသို့ စိမ့်ဝင်သွားတတ်သည်။ ဦးခေါင်းမှ စိမ့်ထွက်သော ချွေးစေးနှင့် အဆီများသည်လည်း ခေါင်းအုံးကို ညစ်ညမ်းစေနိုင်သည်။

အချိန်ကြာလျှင် ခေါင်းအုံးသည် အညစ်အကြေးစု၍ နေသောနေရာ ဖြစ်တတ်သည်။ ခေါင်းအုံးထဲသွတ်ထားသော ဂွမ်းကပ်သည်လည်း အစိုဓာတ်ကို စုပ်ယူတတ်သဖြင့် ရောဂါပိုးနှင့် ဗိုင်းရပ်စ်ပိုး ပေါက်ဖွားလာတတ်သည်။ အထူးသဖြင့် အသက်ရှူလမ်းကြောင်းရောဂါရှိသူ၊ အစာခြေလမ်းကြောင်း ရောဂါရှိသူ၊ အရေပြားရောဂါရှိသူနှင့် ကူးစက်ရောဂါရှိသူ သုံးစွဲခဲ့သော ခေါင်းအုံးထဲ၌ ရောဂါပိုး၊ ဗိုင်းရပ်စ်ပိုးနှင့် ကပ်ပါးပိုးများရှိသဖြင့် အနာရောဂါကူးစက်တတ်သည်။ ထို့ကြောင့် ခေါင်းအုံးကို သန့်စင်အောင် ခေါင်းအုံးစွပ်၊ ခေါင်းအုံးဖုံးပဝါကို မကြာခဏ လျှော်ဖွပ်ပေးရမည့်အပြင် ခေါင်းအုံးစွပ်ကိုလည်း ပိုးသန့်စင်အောင် မကြာခဏ နေပူလှန်းပေးရပါမည်။

အထူးသဖြင့် အအေးမိရောဂါနှင့် အခြားကူးစက်တတ်သည့် ရောဂါများ ဖြစ်နေသည့်အချိန် ခေါင်းအုံးစွပ်ကို သန့်စင်အောင် လျှော်ဖွပ်ပေးရပါမည်။ ခေါင်းအုံးကို နေပူလှန်းပေးရပါမည်။ သို့မှသာ ရောဂါပိုးနှင့် ဗိုင်းရပ်စ်ပိုး ကင်းစင်သွားပြီး ရောဂါဘယ ကင်းဝေးကြမည် ဖြစ်ပါသည်။

အလှအပရေးရာ
Photo: ခေါင်းအုံးကို မကြာခဏ နေပူလှန်းပေးပါ



မည်သူမဆို အိပ်ရာဝင်သည့်အခါ ခေါင်းအုံးနှင့် အိပ်စက်ကြသည်။ လူ့ခန္ဓာကိုယ်အတွင်းမှ စွန့်ထုတ်သော ညစ်ညမ်းသည့် အခိုးအငွေ့နှင့် အရေပြားမှ ချွေးများသည် ခေါင်းအုံးအတွင်းပိုင်းသို့ စိမ့်ဝင်သွားတတ်သည်။ ဦးခေါင်းမှ စိမ့်ထွက်သော ချွေးစေးနှင့် အဆီများသည်လည်း ခေါင်းအုံးကို ညစ်ညမ်းစေနိုင်သည်။

အချိန်ကြာလျှင် ခေါင်းအုံးသည် အညစ်အကြေးစု၍ နေသောနေရာ ဖြစ်တတ်သည်။ ခေါင်းအုံးထဲသွတ်ထားသော ဂွမ်းကပ်သည်လည်း အစိုဓာတ်ကို စုပ်ယူတတ်သဖြင့် ရောဂါပိုးနှင့် ဗိုင်းရပ်စ်ပိုး ပေါက်ဖွားလာတတ်သည်။ အထူးသဖြင့် အသက်ရှူလမ်းကြောင်းရောဂါရှိသူ၊ အစာခြေလမ်းကြောင်း ရောဂါရှိသူ၊ အရေပြားရောဂါရှိသူနှင့် ကူးစက်ရောဂါရှိသူ သုံးစွဲခဲ့သော ခေါင်းအုံးထဲ၌ ရောဂါပိုး၊ ဗိုင်းရပ်စ်ပိုးနှင့် ကပ်ပါးပိုးများရှိသဖြင့် အနာရောဂါကူးစက်တတ်သည်။ ထို့ကြောင့် ခေါင်းအုံးကို သန့်စင်အောင် ခေါင်းအုံးစွပ်၊ ခေါင်းအုံးဖုံးပဝါကို မကြာခဏ လျှော်ဖွပ်ပေးရမည့်အပြင် ခေါင်းအုံးစွပ်ကိုလည်း ပိုးသန့်စင်အောင် မကြာခဏ နေပူလှန်းပေးရပါမည်။

အထူးသဖြင့် အအေးမိရောဂါနှင့် အခြားကူးစက်တတ်သည့် ရောဂါများ ဖြစ်နေသည့်အချိန် ခေါင်းအုံးစွပ်ကို သန့်စင်အောင် လျှော်ဖွပ်ပေးရပါမည်။ ခေါင်းအုံးကို နေပူလှန်းပေးရပါမည်။ သို့မှသာ ရောဂါပိုးနှင့် ဗိုင်းရပ်စ်ပိုး ကင်းစင်သွားပြီး ရောဂါဘယ ကင်းဝေးကြမည် ဖြစ်ပါသည်။

အလှအပရေးရာ
Add caption