နှင်းတွေတောင် ကမ္ဘာမြေပေါ်
ခုန်ဆင်းဖို့ ခြေလှမ်းစရုံရှိသေးတယ်
ဆောင်းဦးရဲ့ ရက်စက်လိုက်ပုံက
ရေခဲရိုက်ထားတဲ့ နှလုံးသားကို
မီးစွဲသလိုမျိုး ငါ့ရင်တစ်ခုလုံး
ထုံကျင်အေးစက်ပြီး
လှောင်ကျွမ်းခံခဲ့ရတာ
သင် မသိလေရော့သလား
ငှက်ငယ်ရယ့့်
ငါဟာ နွေအလယ်က
ဥသြငှက်ဆိုရင် နင်က
နှင်းခဲတွေကြားမှာ ပျော်တဲ့
ဆောင်းခိုငှက်ပါ
မတူညီတဲ့ တို့ဘဝနှစ်ခုကို
ညီမျှခြင်းတွေနဲ့လည်း
နီးစပ်အောင် ဖန်တီးမပေးနိုင်ခဲ့ဘူး
နောက်ဆုံးတော့လည်း
လက်ပြနှုတ်ဆက်ပြီး အဝေးကို
ပျံသန်း ထွက်ခွာသွားတဲ့
ဆောင်းခိုငှက်ကို
မျက်ရည်လည်ရွှဲနဲ့ ငေးရင်း
ကျန်ခဲ့ရတဲ့ အရှုံးသမားက
ငါကိုယ်တိုင်ပါပဲ့။
Sky Pyae.1,11,2013.
No comments:
Post a Comment