Showing posts with label ဖုန်းLock ကျခဲ့ ရင်. Show all posts
Showing posts with label ဖုန်းLock ကျခဲ့ ရင်. Show all posts

20.12.13

Pattern Lock ကျသွားသောဖုန်းအား Factory Reset လုပ်ပြီး Lock ပြန်ဖြုတ်မယ်


မိမိဖုန်းအား Password မမှတ်မိလို့ ဘဲဖြစ်ဖြစ် Password ကိုအကြိမ်ကြိမ် မှားနှိတ်ပြီး Lock ကျသွားလို့ ဘဲဖြစ်ဖြစ် ဒီနည်းလေးကို သုံးပြီး ဖြေရှင်းလိုက် ရအောင် ဘာကွန်ပျူတာမှ အသုံးပြုစရာ မလိုပါဘူး လွယ်လွယ်လေး အောက်မှာကြည့်လိုက်ပါ ကျွန်တော်ပြောတဲ့ အတိုင်းသာ အဆင့်ဆင့် လုပ်လိုက်ပါ၊ ဒါပေမယ့် တစ်ခုတော့ရှိတယ် Factory Reset တစ်ခါထည်း လုပ်မှာ ဖြစ်တဲ့အတွက် ဖုန်းထည်းမှာ ရှိသော မူရင်းဆော့ဝဲ များမှလွဲ၍ မိမိ ကိုယ်တိုင် Install သွင်းထားသော ဆော့ဝဲများ၊ ဖုန်းထည်းတွင် ရှိသော ဗီဒီယိုများ၊ သီချင်းများ၊ ဓာတ်ပုံများ အားဖျက်ထုတ် သွားမှာဖြစ်ပါတယ်။ Memory Card အားအပြင်သို့ ထုတ်ထားပါ။ ကဲစလိုက်ကြရအောင်...




24.6.13

ဖုန်းLock ဖွင့်လို့မရတော့ရင်Unlock Pattern မေ့သွားလို့ ဘယ်လိုလုပ်မလဲ

Android ဖုန်းတွေမှာ လုံခြုံရေးအရ သင့်ရဲ့ ဖုန်းထဲက အချက်အလက်တွေကို တခြားလူ အလွယ်တကူ ဝင်ကြည့်နိုင်ဖို့ Lock Pattern နဲ့ပဲဖြစ်ဖြစ် Pin Number နဲ့ပဲဖြစ်ဖြစ် ပိတ်ထားလို့ ရတယ်ပေါ့ဗျာ …
အဲ ဒါပေမယ့် … ကိုယ်ပေးထားခဲ့တဲ့ Lock Pattern ဘယ်လိုဆွဲလဲဆိုတာ ဒါမှမဟုတ် Pin Number ဘာပေးခဲ့လဲဆိုတာ ခေါင်းထဲမှာ မမှတ်မိတော့ရင်တော့ ဘယ်လိုလုပ်မလဲ
ကျွန်တော် ပြောပြမယ့် နည်းလမ်းလေးတွေက အသုံးဝင်မှာပါ … ဖုန်းထဲမှာ google account တော့ ဝင်ထားဖို့လိုပါတယ် …Unlock Pattern မှာ ငါးကြိမ်ထက် ပိုမှားခဲ့ရင်တော့ ” you have incorrectly drawn your unlock pattern 5 times. Please try again in 30 seconds. ” ဆိုပြီး ပေါ်လာပါမယ် …
      
                                         OK နှိပ်လိုက်ပါ။

စက္ကန့် ၃၀ ပြည့်တဲ့အခါ ညာဘက်အောက်ထောင့်က Forgot pattern?         ဆိုတာလေးကို နှိပ်လိုက်ရင်             ဒီလိုလေးပေါ်လာမယ်
                                                 
 ဒါဆိုရင် သင်ဖုန်းထဲမှာ ထည့်ထားတဲ့ username နဲ့ password ဖြည့်ပြီး Sign in လုပ်လိုက်ပါ …
ဝင်သွားပြီဆိုရင် Pattern အသစ်တစ်ခု ပေးရမှာပါ … ဒီတစ်ခါတော့ မှတ်ထားပေါ့နော် …
                             ပြီးရင် Continue နှိပ်ပါ …

Confirm ဖြစ်ဖို့အတွက် နောက်တစ်ကြိမ်ထပ်လုပ်ရပါမယ် …
ပြီးရင် Confirm နှိပ်ပါ …
ဒါဆိုရင်တော့ သင်ဟာ အောင်မြင်စွာနဲ့ ပြန်လည် Unlock Pattern ဖြည်နိုင်သွားပြီပဲ ဖြစ်ပါတယ်