(အလွမ်း----နာ)
အလွမ်း ဘူတာမှာ
ရပ်တန့်နေတဲ့
အလွမ်း ရထားပေါ်က
အလွမ်းတွေ ရင်ခွင်မှာ ပွေ့ဖက်ပြီး
အလွမ်းများစွာနဲ့
ငါ ဆင်းသက်ခဲ့တယ်။
ငါ တကယ်တော့ ကိုး မရှိဘဲ
န၀င်း ဖြစ်ခဲ့ရတဲ့ကောင်----
အယောင်ဆောင် လှည့်ဖြားမှုတွေနဲ့ 
မာယာတွေကြားမှာ ယစ်မူးးးးးးး
ပဒိုင်းသီးစားမိတဲ့ သူရူးတစ်ယောက်လို
မင်းကြိုးဆွဲရာနောက်မှာ
ကောက်ကောက်ပါအောင်
ကပြခဲ့ရသူပေါ့-----
ငါ လွမ်းတယ်
ငါ သိပ်လွမ်းနေတယ် ဟိုးးးး အရင်က ငါ့ရဲ့ အဖြူထည်ဘ၀---------------။
KBT (လင်းတဲ့ကြယ်စင်) fb
No comments:
Post a Comment