9.10.13
(အမှောင်နေ့များ-----)
အမှောင်နေ့များ
အသစ် မဟုတ်ဘဲ
မျက်ရည်နဲ့ ပြန်"သ" ထားတဲ့
နံနက်ခင်းတစ်ခုပါ.....
နှလုံးသားပေါ်မှာ
တစာစာ အော်မြည်နေတဲ့
အလွမ်းငှက် တစ်ကောင်ရဲ့
တေးသံနဲ့အတူ
ငါ့နံနက်ခင်းတွေ နိုးထခဲ့ရပြန်ပေါ့.....
ငါ ------- မလွမ်းချင်ဘူး
ငါ -------မနွမ်းချင်ဘူး
ငါ့ရာဇ၀င် ခပ်ကျဲကျဲမှာငရဲခန်းတွေ
မပါချင်ဘူး
ဒါပေမယ့်
ငါ သီဆိုနေရတာကအလွမ်းတေး
ဖြစ်စဉ်တွေ ကစဥ့်ကလျားနဲ့
ဆောက်တည်ရာမရတဲ့
ငါ့မနက်ဖြန်တွေမှာ
ငါ--- ဘယ်လို ရှေ့ဆက်ရပါ့မလဲ
အချစ်ရယ်............။
KBT (လင်းတဲ့ကြယ်စင်
No comments:
Post a Comment