ဘုန်းကြီးကျောင်းက
တုံးမောင်းခေါက်သံကြားတယ် အမေ---
ရင်အပူကိုငြှိမ်းဖို့
စင်္ကာပူကို ထွက်လာခဲ့တဲ့ အမေ့ရဲ့သား
အသွင်မတူသူတွေကြားထဲမှာ
အိမ်သူဖြစ်ဖို့ ကြိုးစားရင်းပေါ့----
ဘုန်းကြီးကျောင်းက
တုံးမောင်းခေါက်သံကြားတယ် အမေ-----
အမေ့ရဲ့ ကြေးစည်သံ သဲ့သဲ့
ပြန်ကြားယောင်တိုင်း
သားမောင် မျက်ရည်ဝဲချင်မိတယ် အမေ------
ဒါပေမယ့် အမေရယ်------
ဘုန်းကြီးကျောင်းက
တုံးမောင်းခေါက်သံတွေအစား
မကြာခင်ရောက်လာတော့မယ့်
ဥသြဆွဲသံ မရောက်ခင် နိုးတ၀က်
အိပ်မက်က လူးလဲထ ဒီမနက်
နေမထွက်ခင် လူရောင်စုံတွေကြား
တာဝန်ဆိုတာ ကျေပွန်ဖို့
အလုပ်ခွင်ကို သွားပါတော့မယ် အမေ----
သူငယ်ချင်းတစ်ယောက် ပြောခဲ့ဖူးတဲ့
အိတ်ပေါက်နဲ့ ဖားကောက်တဲ့ ပုံပြင်မှာ
ကျွန်တော့် အိတ်ပေါက်တွေ မကျယ်လာခင်
ဖားတစ်ကောင်လောက်တော့
ဖမ်းမိချင်တယ် အမေ-------။
KBT (လင်းတဲ့ကြယ်စင်)
No comments:
Post a Comment