6.12.13
အသေအချာမသိခင် အဆုံးအဖြတ်မစောပါစေနှင့် 
ဒီအကြောင်းလေးကိုခဏလောက်အချိန်ယူပြီးဖတ်ကြည့် လိုက်ပါ...
အချိန်ပေးရကျိုးနပ်ပြီး...သင့် အတွက်အကျိုးရှိပါလိမ့် မယ်... 
အသက် ၂၄ နှစ်အရွယ်လောက်ရှိမယ့် လူငယ်တစ်ဦးဟာ ခုတ်မောင်းနေတဲ့ မီးရထားပြတင်း
ပေါက်ကနေအပြင်ကိုကြည့် ပြီး....
" ကြည့် ပါဦးအဖေရယ်.... ( ရထားသွားတော့ ) သစ်ပင်တွေက တစ်ရိပ်ရိပ်နဲ့ နောက်မှာကျန်နေ
ခဲ့ ကြပြီနော်...." 
ဖခင်ဖြစ်သူက ကြေနပ်နှစ်သိမ့် စွာပြုံးနေခဲ့ တယ်... သူတို့ သားအဖအနီးမှာ ထိုင်နေတဲ့ ဇနီး
ဆိုနေတဲ့ အမူအယာကို သနားတဲ့ ပုံစံနဲ့ ကြည့် နေကြပါတယ်...
တဆက်တည်းပဲ လူငယ်ကဆက်ပြီး...." အဖေရေ.... တိမ်တွေကလည်း ( ရထားနဲ့ အတူ ) သား
တို့ နဲ့ အတူတူ လိုက်ပြီးပြေးလာနေသလိုပဲနော်..." လို့ တစ်အံ့ တစ်သြခံစားရပုံနဲ့ ပြောနေပြန်ပါ
တယ်....
လးဘာလေး ( စိတ်ရောဂါကုဆရာဝန် ) ပြမကြည့် ဘူးလား ..." လို့ မေးလိုက်ပါတယ်...
တည်းက မျက်စေ့ မမြင်ရှာဘူး.... အခုမှ မျက်စေ့ ခွဲစိတ်ပြီးလို့ ဒီနေ့ ပဲဆေးရုံကဆင်းလာတာ..."
လို့ ဖခင်ဖြစ်သူက ပြုံးပြီးပြန်ပြောလိုက်ပါတယ်...
လောကကြီးမှာ ဖြစ်ပေါ်လာသမျှ အခြေခံအကြောင်းတရားဆိုတာရှိစမြဲမို့ လူတိုင်းမှာလည်းသူ့ 
အကြောင်းနဲ့ သူရှိနေကြတာပါပဲ... 
ဒါကြောင့် အကြောင်းရင်း၊ အခြေအနေမှန်ကိုမသိပဲ လူတွေကို ချက်ခြင်းမဆုံးဖြတ်၊ မဝေဖန်
လိုက်ပါလေနဲ့ ...
အဖြစ်အပျက်အမှန်၊ အကြောင်းအရင်းအမှန်ကို သင်သိလိုက်ရတဲ့ အချိန်မှာ သင့် အံ့ သြသွားရ
လိမ့် မယ်...သင်နောင်တရသွားနိုင်လိမ့် မယ်...
မှတ်ချတ်     
ကိုပီတာရဲ့အတွေးပုံရိပ်များ မှကူးယူဖေါ်ပြသည်
No comments:
Post a Comment