24.11.13
နှလုံးသားပုံပြင် ကို တမ်းတခြင်း
နှလုံးသားပုံပြင် ကို တမ်းတခြင်း
မှန်းဆ တမ်းတ လွမ်းမိတယ်
အိပ်မက်ပမာ တွေဆုံလာ
ကဗျာ တစ်ပုတ် အကြောင်းလုပ် လို့
ကဗျာ ဖူးစာ ဖြစ်ခဲ့တာ....
နှလုံးသားကို နှလုံးနဲ့ နားလည်
ခံစားပြီတော့ ချစ်မိတယ်
အချစ်ပုံပြင် ဆိုလေ မလား
တို့ နှစ်ဦးအဖြစ်က ဆန်းလှတယ်
ပုံပြင်လေ လား နှလုံးသားမှာ ထင်လို့
နှလုံးသားပုံပြင် လေးကို လွမ်းလှတယ်
ပုံပြင် လေးတော့မတင်စားချင်သေး
တို့အချစ်တွေက လက်ဆတ် နေ
ချစ်တယ် ချစ်မယ် ချစ်သူရယ်
နှလုံးသားပုံပြင် ကို တမ်းတတယ်
အချစ်ပုံပြင် ဆိုလေ မလား
နောင်တချိန်မှာ လွမ်းရမယ်
လွမ်းမယ် လွမ်းတယ် ချစ်သူ ရယ်
ငါ လေ တကယ် ချစ်မိတယ်...
သက်နှင်းပိုင် 8.6.2013 နေ့ အမှတ်တရ
No comments:
Post a Comment