အရုဏ်နံနက်ခင်း
ဆွမ်းချက်တဲ့ ရွာ
သာသနာကို အလေးထားလို့
ဘုန်းကြီးကျောင်းတွေပေါတဲ့ ရွာ
ညို့ညို့မှိုင်းမှိုင်း ထန်းတောတွေ
ပတ်လည် ဝိုင်းထားတဲ့ ရွာ
ဆယ့်နှစ်လ ရာသီလုံး
ဘုရားပွဲတွေ ရှိတဲ့ ရွာ
သင်္ကြန်ဆို ရွာလယ် မဏ္ဍပ်မှာ
ကြီး ရွယ် ငယ် လက် DJ ဖွင့်ပြီး
ကွေးနေအောင် ကတဲ့ ရွာ
သီတင်းကျွတ် ဘုရားပွဲဆို
မြို့ပေါ်တက်ပြီး အဝတ်စားတွေ
အပြိုင်ဝယ်တဲ့ ရွာ
အပြောမချိုတဲ့ အပျိုချောတွေ
ပါတိတ်ဆို ဝမ်းဆက်မှ ဝတ်တဲ့ ရွာ
ဗွီဒီယို ပြတဲ့နေမှ အလှပြင်တဲ့ ရွာ
Solar တိုင်ထောင်တွေနဲ့
မီးထိန်ထိန်လင်းတဲ့ ရွာ
ဆိုင်ကယ်ဆို လော်ဂျားမှ စီးတဲ့ ရွာ
မိုးလေးကောင်းလို့
တောင်သူတွေများ အောင်ပြီဆို
စည်သံ ဗျောသံ တစ်ညံညံ နဲ့
သုံးရက်သုံးလီ အလှူကြီးတွေ
အပြိုင်ပေးတဲ့ ရွာ
တစ်ခါတစ်ခါ ဖေါ်ရွေသလောက်
တစ်ခါတစ်ခါ မာနကြီးတဲ့ ရွာ
မြို့တောင်သာရဲ့ အရှေ့ဘက်
ခပ်လှမ်းလှမ်းက ကားလမ်းမပေါက်
လျှက်စစ်မီး မရှိတဲ့ ရွာ
အဲဒါ ကျွန်တော်တို့
"ရုံးစဉ်လေးကျေးရွာ"
မှတ်ချက်။ ။ ဆယ့်နှစ်လရာသီလုံး ဘုရားပွဲတွေ ရှိတယ်ဆိုပေမယ့်
ပြာသိုလနဲ့ တပို့တွဲလ ကတော့ဘုရားပွဲမရှိပါ ။ဆိုင်ကယ်ဆို လော်ဂျားမှ စီးတာဆိုပေမယ့်  ကျနော့အိမ်ကတော့ ဟန်ဇင်း အစုတ်လေးပါ။ ပြီး ဒီစာလေးကို
ကဗျာတစ်ပုဒ်အနေနဲ့ မမြင်ပဲနဲ့
မိတ်ဆက်စာလေးလို့ပဲ မြင်ပေးပါ။
အဝေးရောက်နေတဲ့ ကျနော့ရွာက
ဘဝတူ သူငယ်ချင်းများ နှစ်သက်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။
အားလုံးကို ခင်တဲ့
Sky pyae.(ခ) ပြည့်အောင်
၉၊၁၀၊၂၀၁၃၊
No comments:
Post a Comment