18.8.13

ကြက်ဥကို အသုံးပြုပြီး မျက်နှာ ပေါင်းတင်မယ်


နှစ်ပေါင်းများစွာကတည်းကကြက်ဥဟာမိန်းကလေးတွေရဲ့အလှအပထိန်းသိမ်းရာပစ္စည်းတစ်ခုဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ကြက်ဥအနှစ်ကို တော့သုံးလေ့မရှိဘဲ ကြက်ဥအကာကိုကာသုံးလေ့ရှိပါတယ်။ ကြက်ဥအကာဟာ အဆီပြန်တဲ့ အသားအရေတွေကို အဆီစုပ် ပေးရုံသာမကမျက်နှာပေါ်မှာလိမ်းပြီး ခြောက်သွေ့အောင် ထားထားရင် ချွေးပေါက်တွေကိုပါ ကျဉ်းသွား စေပါတယ်။အသားအရေ သုံးမျိုးအတွက် ကြက်ဥနဲ့ မျက်နှာ ပေါင်းတင်နည်းသုံးနည်းရှိပါတယ်။မိန်းကလေးများတင်မဟုတ်ပါဘူး…boyများလည်း ပေါင်းတင်နိုင်ပါတယ်။

ကဲဒီလိုလေး လုပ်ကြည့်ပါ…

အဆီပြန်ပြီး ၀က်ခြံပေါက်တဲ့ အသားအရေအတွက်

သန့်စင်တဲ့ ခွက်တစ်ခုထဲမှာ ကြက်ဥအကာ ရွေးထည့်ပြီး အမြုပ်ထအောင် မွှေပေးပါ။

ဂျုံမှုန့် သန့်သန့်ကိုအမြုပ်ထနေတဲ့ ကြက်ဥထဲ ထည့်ပြီး ပျစ်နေအောင် ဆက်မွှေပါ။

ပြီးရင် မျက်နှာ ပေါ်မှာ ထူထူလေးလိမ်းပေးပါ။ခြောက်အောင်ထားပါ။

ခြောက်သွေ့ပြီး မိနစ် အနည်းငယ်ကြာတဲ့အခါ ရေနွေးနဲ့ အရင်ဆေးပြီး ရေအေးနဲ့ထပ်ဆေးပေးပါ။

အဆီပြန်ပြီး ခြောက်သွေ့တဲ့ အသားအရေအတွက်ကြက်ဥ အကာကို အမြုပ်ထအောင် မွှေပြီးတာနဲ့ သခွားသီးကို ခြေပြီးရောထည့်လိုက်ပါ။

ထပ်မွှေပြီးမျက်နှာအနှံ လိမ်းလိုက်ပါ။ လိမ်းပြီးရင် ခြောက်အောင်ထားပြီး မိနစ်အနည်းငယ်ကြာတဲ့အခါ ရေနွေးနဲ့ဆေးပေးပါ။ ပြီးရင် ရေအေး နဲ့ ထပ်ဆေးပေးပါ။

အဆီလည်းပြန် အမည်းစက်တွေလည်းရှိပြီး မလန်းဆန်းတဲ့ အသားအရေအတွက်
ကြက်ဥအကာကို အမြုပ်ထွက်အောင်မွှေပြီး သံပရာရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်း-နှစ်ဇွန်း
လောက်ထည့်ပေးပါ။

မွှေပြီးရင် မျက်နှာအနှံ လိမ်းပြီးခြောက်သွေ့အောင်ထားပါ။ ပြီးရင် ရေနွေးနဲ့အရင်
ဆေးပြီး ရေအေးနဲ့ ထပ်ဆေးပါ။

ကြက်ဥ ဟာ အရမ်းစားလို့ကောင်းတဲ့ ဟင်းအမည် တစ်မျိုး ဖြစ်တဲ့အပြင် အဆီပြန်တဲ့ အသားအရေ
ရှိသူတွေအတွက် လည်း အကျိုးရှိပါကြောင်း တင်ပြလိုက်ရ ပါတယ်။

No comments:

Post a Comment