11.8.13

ဖောင့်တွေက ပုံစံတမျိုးဖြစ်နေရင် ပြင်လိုက်မယ်

တစ်ခါခါ ဆိုက်တွေကို သုံးတဲ့အခါ ဖောင့်တွေက ကြီးလိုက် သေးလိုက် ဝလုံး အပိုတွေ မြင်ရလိုက် ဖြစ်နေတတ်ပါတယ်။ အဲလို ဖြစ်နေတာက အဲဒီစက်မှာ unicode အမည်ရ ဖောင့်တမျိုးမျိုးကို install လုပ်ထားလို့ ဖြစ်ပါတယ်။ တခါခါ ခေါင်းစီးက ဖောင့်တမျိုး၊ ပိုစ့်စာသားက တမျိုး ဖြစ်နေတာလည်း ရှိပါတယ်။ အဲဒါလေးလည်း အဲဒီ စက်မှာ unicode အမျိုးအစားစာရင်းဝင် mm3 စတဲ့ ဖောင့်တမျိုးမျိုးကို သွင်းထားလို့ပါ။ အကယ်၍ ကိုယ်က အဲဒီ ဖောင့်ကို မသုံးဘူး။ လက်ရှိ Zawgyi ကိုပဲ သုံးနေတယ်ဆိုရင်တော့ အောက်ပါအတိုင်းလုပ်လိုက်ပါ။ လောလောဆယ် ဝက်ဆိုက် ၈၀ ရာခိုင်နှုန်းလောက်ကလည်း Zawgyi ကို သုံးနေကြပါတယ်။ ဒီတော့ .........
Mozilla Firefox ဆိုရင်
Tool > Option > Content > Font & Color > Advanced > Serif , Sans-Serif , Monospace ကိုသွားပြီး အကုန်လုံး Zawgyi-one အကုန် ပြောင်းလိုက်ပြီးရင် OK , OK လုပ်သွားလိုက်ရင် ပြီးပါပြီ။
အောက်ပါ ပုံလေးအတိုင်းပါ။

advanced ကို ကလစ်လိုက်ရင် အောက်ပါအတိုင်းတွေ့ပြီး အောက်ပါအတိုင်း လုပ်လိုက်ပါ။
အခြားအခြားသော Browser များကလည်း သိပ်မကွာလှပါဘူး။ အဓိကကတော့ mm3 စတဲ့ unicode ဖောင့်တွေဟာ True Type အမျိုးအစား ဖြစ်တဲ့အတွက် အရင်ဝင်ရောက် နေရာယူထားနှင့်တတ်တာကြောင့် Browser တို့ရဲ့ Language & font တွေမှာ Zawgyi-one ကို လိုက်ပြောင်းပေးဖို့ပါ။

No comments:

Post a Comment