8.3.13

Samsung Galaxy Mini ကို Root ပြုလုပ်ခြင်း

  root လုပ်ပြီးမှ သုံးလို့ရတဲ့ အချို့ application တွေကို သုံးချင်ရင်တော့ root လုပ်ရပါလိမ့်မယ်…။ ကဲ ..စလိုက်ကြရအောင်ဗျာ..။
၁။       ကြိုတင်သတိပေးချက်
(က)    Root လုပ်ခြင်းအားဖြင့် သင့်ဖုန်း warranty ပျက်သွားမှာဖြစ်ပါတယ်… ဒါပေမယ့် firmware ပြန်တင်ခြင်း…၊ unrooting ပြန်လည်ပြုလုပ်ရင်တော့ သင့်ဖုန်း warranty ကိုပြန်လည်ရရှိမှာဖြစ်ပါတယ်..။
(ခ)     သင့်ဖုန်းကို ဘက်ထရီအားရှိအောင်ပြုလုပ်ထားပါ…။ သို့မှသာ root လုပ်တဲ့ လုပ်ငန်းစဉ် တစ်ခုလုံး အဆင်ပြေချောမွေ့မှာ ဖြစ်ပါတယ်..။

၂။       လိုအပ်တဲ့ file ကို အောက်က link မှာ download အရင်ဆုံး ရယူလိုက်ပါ..။
          Download link >>>http://www.mediafire.com/?2rco84bu441ouu8

၃။       Root စတင်ပြုလုပ်ခြင်း။
(က)    Download မှ ရရှိလာသော zip file လေးကို မိမိဖုန်း SD card ထဲတွင် ထည့်ထားလိုက်ပါ…။
(ခ)     ဖုန်းကို power ပိတ်လိုက်ပါ..။
(ဂ)     Recovery Mode သို့ဝင်ပါ..။ Recovery Mode သို့ဝင်ပုံမှာ ဖုန်းကို power ပြန်ဖွင့်ပြီး Menu+Power ခလုပ်တွေကို တစ်ပြိုင်နက် နှိပ်ထားခြင်းဖြင့် စက္ကန့်အနည်းငယ်အတွင်း Recovery Mode သို့ ၀င်ရောက်နိုင်ပါသည်။
(ဃ)    Update from SD card ကိုရွေးပေးပါ..။ (Volume +,- ခလုပ်များဖြင့် ရွေးချယ်နိုင်ပါသည်။)
(င)     မိမိထည့်ထားတဲ့ SD Card ထဲက zip file ကိုရွေးပေးလိုက်ပါ…။
(စ)     flashing လုပ်ပါလိမ့်မယ်..၊ ပြီးရင် သင့်ဖုန်း reboot ကျသွားပါလိမ့်မယ်.. (မကျပါက reboot ချပေးလိုက်ပါ..။)
၎။       လုပ်ငန်းစဉ်အားလုံးပြီးပါပြီ..၊ သင့်ဖုန်းကို Power ပြန်ဖွင့်ကြည့်လိုက်မယ်ဆိုရင် ဖုန်းထဲမှာ superuser ဆိုတဲ့ application လေး ရောက်ရှိနေတာကိုတွေ့ရမှာပါ…။ ဒါဆိုရင်တော့ သင့်ရဲ့ Samsung Galaxy Mini ကို အောင်မြင်စွာ root လုပ်နိုင်ခဲ့ပြီပဲဖြစ်ပါတယ်..။
ဝန်ခံချက်  ကူးယူဖေါ်ပြချင်း

No comments:

Post a Comment