18.2.13

ဖုန်းမှ WiFi လွင့်ပြီး computer တွင် ချိတ်ဆက်အသုံးပြုနည်း

Phone Setting > About Phone > Android Version မှာ ကြည့်နိုင်ပါတယ်။


Step (1) ပထမဆုံး မိမိဖုန်း SIM Card မှာ Internet လိုင်းဖွင့်ထားပြီး ဖုန်းထဲမှာ APN Setting ထည့်ပြီး Internet အရန်သင့် အသုံးပြုနိုင်တဲ့ အနေအထားမှာ ရှိနေရပါမယ်။ 

Step (2) အဆင့် ၂ အနေနဲ့ ဖုန်းမှာ Wi Fi Hotspot တစ်ခု Create လုပ်ပေးရပါမယ်။

Wi Fi Hotspot ပြုလုပ်ရန်


Phone Setting > Wireless and Networks > Tethering and portable hotspot ကို သွားလိုက်ပါ။

ပြီးရင်တော့ Portable WiFi Hotspot Setting ထဲကို ထပ်ဝင်လိုက်ပါ။ Configure Portable Wi Fi hotspot ဆိုတာကို ထပ်ဝင်ပါ။ ကျွန်တော်တို့ Wi Fi Hotspot တစ်ခု Create လုပ်ရပါမယ်။

Configure Portable Wi-Fi hotspot ကို ၀င်လိုက်ပြီဆိုရင် Network SSID, Security , Password ဆိုပြီးရှိပါတယ်။ 

Network SSID - ဒီနေရာမှာ မိမိ ကြိုက်နှစ်သက်ရာ နာမည် တစ်ခုကို ပေးပါ။ အခုပေးလိုက်တဲ့ နာမည်ကို computer ရဲ့ wireless နေကြည့်လိုက်မယ်ဆိုရင် မြင်နေရမှာ ဖြစ်ပါတယ်။ 

Security - ဒီနေရာမှာတော့ security type ရွှေးစရာတွေ ပါလာခဲ့ရင် WPA2 PSK ကို ရွှေးထားဖို့ ကျွန်တော်ကတော့ အကြံပေးချင်ပါတယ်။ 

Password - ဆိုတာကတော့ ခင်ဗျားတို့ သိ့တဲ့ အတိုင်းပဲ ။ ကိုယ်ကြိုက်နှစ်သက်ရာ ရေးနိုင်ပါတယ်။ အနည်းဆုံး ၈ လုံးလောက်တော့ ပေးသင့်ပါတယ်။ ကိုယ်ပေးထားတဲ့ password ကို မှတ်ထားပါ။ 

ဒါဆိုရင်တော့ Android ဖုန်းမှာ လုပ်ရမဲ့ အပိုင်း ပြီးသွားပါပြီခင်ဗျာ။

Computer taskbar ညာဘက်အောက်ခြေမှာရှိတဲ့ Wireless Icon လေးကို နှိပ်လိုက်ပါ။ ပထမဆုံး ပေးထားတဲ့ Network SSID Name လေး ပေါ်လာပါမယ်။ အဲဒါလေးကို Contact လုပ်ပြီး မိမိပေးထားတဲ့ password ကို ရိုက်ထည့်ပေးလိုက်ပါ။ Internet Access ဖြစ်သွားပြီဆိုရင်တော့ Android Phone က Internet Connection ကို Computer မှာ အသုံးပြုလို့ ရပါပြီ ဗျာ။

No comments:

Post a Comment